|
ချင်းအမျိုးသားတပ်ဦးသည်
ချင်းအမျိုးသားများကို ကိုယ်စားပြုကာ အန်ပို
Un-represented Nations
and Peoples Organization (UNPO) အဖွဲ့ဝင်ဖြစ်ရန် ၁၉၉၆ ခုနှစ်မှစတင်
လျှေက်ထားခဲ့ရာ ဇူလိုင်လ ၁၅ ရက် ၂၀၀၁ ခုတွင်
UNPO Steering Committee က
ချင်းအမျိုးသားတပ်ဦးကို အဖွဲ့ဝင်ခွင့်တရားဝင် ပေးလိုက်သည်။ ယခုအခါ အန်ပိုတွင်
အာရှပါစိဖိတ် ဒေသမှ အဖွဲ့ဝင် ပေါင်း ၁၇ ရှိပြီဖြစ်သည်။
ချင်းလဲန်းသည်
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဖက်တွင် တည်ရှိပြီး အိန္ဒယ၊
ဘင်္ဂလားဒေ့(စ်) နိုင်ငံတို့နှင့် နယ်နမိတ်ထိစပ်သည်။ ချင်းအမျိုးသား
လူဦးရေသည် ၁.၅ သန်းခန့်ရှိ မည်ဟုယူဆရသည်။ ယနေ့ချင်းပြည်သည် ၁၈၉၀
နောက်ပိုင်း အင်္ဂလိပ်တို့၏ သိမ်းပိုက်ခြင်းမခံရသေးခင် လွပ်လပ်သော
တိုင်းပြည်ဖြစ်သည်။ အင်္ဂလိပ် လက်အောက်ကျရောက်စဉ်တွင် အင်္ဂလိပ်ဘုရင်ခံက
ချင်းတိုက်သူကြီးများနှင့် ပူးတွဲကာ ချင်းလဲန်းကို
သွယ်ဝိုက် အုပ်ချုပ်ခဲ့သည်။
ချင်းတိုက်သူကြီးများသည် ကချင်ခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊
Ministerial Burma ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ
ပြည်ထောင်စု မြန်မာနိုင်ငံကို ဖက်ဒရယ်စနစ် အပေါ်အခြေခံကာ တည်ဆောက်ရန်
ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ၁၉၄၇ ခုတွင် သမိုင်းဝင်ပင်လုံစာချုပ်ကို
ချုပ်ဆိုခဲ့ပြီး အဆိုပါ ပင်လုံစာချုပ်အရ ၁၉၄၈ ခု ဇန်နဝါရီလ ၄ ရက်နေ့တွင်
အင်္ဂလိပ်ထံမှ လွပ်လပ်ရေးကို
ပင်လုံစာချုပ်အဖွဲ့ဝင်များနှင့် ပူးတွဲရယူခဲ့သည်။ လွပ်လပ်ရေးရပြီး
တလကျော် အကြာ ၁၉၄၈ ခုဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသား ၅၀၀၀
ကျော်သည် ဖလမ်းမြို့တွင် ညီလာခံတခုကိုခေါ်ယူကျင်းပကာ
တိုက်သူကြီးများ အုပ်ချုပ်သည့် စနစ်ကိုအဆုံးသတ်ပြီး
အများဆန္ဒအရ ရွေးချယ်တင်မြောက် အုပ်ချုပ်သည့် ဒီမိုကရေစီစနစ်ကို
ကျင့်သုံးရန်
တခဲနက် သဘောတူခဲ့ကြသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဖေဖေါ်ဝါရီ
၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။
၁၉၄၈
ပြည်ထောင်စုအခြေခံဥပဒေ၏ အားနဲချက်များကြောင့် ချင်းအမျိုးသားများနှင့်
တခြားလူဦးရေနဲသော တိုင်းရင်းသားများသည် နိုင်ငံရေး၊ စီးပွားရေး၊
လူမှုရေး အဖက်ဖက်တွင် နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြသည်။ ထိုကြောင့် ၁၉၄၈ အခြေခံဥပဒေကို
အခြေခံဥပဒေနည်းလမ်းအရ ပြုပြင်မှုများပြုလုပ်ရန်
ရှမ်းအမျိုးသားခေါင်းဆောင်များ၏ လုပ်ဆောင်မှုများကို
ချင်းအမျိုးသားခေါင်းဆောင် အများစုကထောက်ခံခဲ့ကြသည်။ သို့သော်အခြေခံဥပဒေကို ပါလီမန်တွင်ပြုပြင်ရန် ကြိုးပန်းမှုများကိုဟန့်တားရန်
ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သည့် စစ်တပ်ခေါင်းဆောင်များက
အာဏာသိမ်းခဲ့ကြသဖြင့် ငြိမ်းချမ်းသောနည်းဖြင့်
နိုင်ငံရေးနှင့်လူမျိုးရေးပြသနာများကို ဖြေရှင်းရန်ကြိုးပန်းမှု လမ်းပျောက်ခဲ့ရခြင်း ဖြစ်သည်။
၁၉၆၂ မှ ၁၉၈၈
ခုအထိ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ချင်းအမျိုးသားများနှင့်အတူ
ပြည်ထောင်စု တိုင်းသူပြည်သားအားလုံး အခြေခံလူ့အခွင့်အရေးများ၊
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည် အခွင့်အရေးအားလုံးတွင်
နစ်နာဆုံးရှုံးခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၈ ခုတွင်
စစ်အာဏာရှင်စနစ်ကို အန်တုသည့် သမိုင်းဝင်ဒီမီုကရေစီလှုပ်ရှားမှု
ပေါ်ပေါက်ကာ မဆလအစိုးရကို ဖြုတ်ချသည့်အထိဖြစ်လာခဲ့သည်။ သို့သော်
ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သည့် နဝတစစ်အစိုးရနှင့်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် နအဖစစ်အစိုးရတို့က
အများပြည်သူ၏ ဆန္ဒကိုဆန့်ကျင်ကာ လက်နက်အားကိုးဖြင့် တိုင်းပြည်ကို အကြမ်းဖက် ယနေ့အထိဆက်လက် အုပ်ချုပ်နေဆဲဖြစ်သည်။
နိုင်ငံရေးပြသနာကို နိုင်ငံရေးအရအနုနည်းဖြင့် အဖြေရှာ၍မရခြင်း၊
အခြေခံဥပဒေပြသနာကို အခြေခံဥပဒေနည်းလမ်းအရ ငြိမ်းချမ်းစွာစားပွဲဝိုင်းတွင် အဖြေရှာမရခြင်းနှင့် ချင်းအမျိုးသားများ၏
မွေးရာပါအမျိုးသားရေး အခွင့်အရေးများ ထိပါးစော်ကားခံနေရခြင်း၊
လူ့အခွင့်အရေးနှင့် ဒီမိုကရေစီဆိတ်သုန်းခြင်း တို့ကိုဖြေရှင်းနိုင်ရန်
၁၉၈၈ ခုမတ်လ ၂၀ ရက်နေ့တွင် ချင်းအမျိုးသား တပ်ဦးကို
ဖွဲ့စည်းတည်ထောင်ကာ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲရခြင်းဖြစ်ပေသည်။
UNPO
နှင့်ပါတ်သက်၍ အသေးစိတ်သိရှိလိုပါက
အောက်ပါ ဝက်ဆိုက်တွင်
ကြည့်ရှုနိုင်ပါသည်။
UNPO
Secretariat
P.O. Box 85878
2508CN The Hague
the Netherlands
Tel.: +31 (0)70 3646504
Fax: +31 (0)70 3646608
Email:
unpo@unpo.org
http://www.unpo.org
|