ချင်းအမျိုးသားတပ်ဦးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီကောင်စီ တို့အကြားပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် မှတ်တမ်းဓါတ်ပုံများ

ငြိမ်းချမ်းရေးကိုရှေးရှုလျှက် ချင်းအမျိုးသားတပ်ဦးတပ်ဦးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးရေးကို ၁၉၉၄ ခုနှစ်မှ စတင်၍ ချင်းအမျိုးသား ခရစ်ယာန်ဘာသာ ခေါင်းဆောင်များက စတင်လုပ်ဆောင်လာခဲ့ရာမှ ၁၉၉၆ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် ချင်းငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ အဆိုပါအဖွဲ့၏ ကြားဝင်ကြိုးပန်းဆောင်ရွက်မှုများကြောင့် ချင်းအမျိုးသားတပ်ဦးနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီတို့သည် မတ်လ ၁၅-၁၆ တွင် ချင်းလဲန်းရှိ ရိစခန်းတွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ချင်းအမျိုးသားတပ်ဦးဖက်မှ ဒေါက်တာရွှေခါး ဦးဆောင်သောကိုယ်စားလျှယ် ၇ ဦးနှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီဖက်မှ ဒုတိယဗိုလ်မှူးကြီးမင်းထင် ဦးဆောင်သော ကိုယ်စားလျှယ် ၃ ဦးတက်ရောက်ကြပါသည်။

ချင်းအမျိုးသားတပ်ဦးသည် ချင်းအမျိုးသားတပ်ဦးနှင့် လက်တွဲလျှက်ရှိသော ချင်းနိုင်ငံရေးပါတီများ၊ လူငယ်နှင့်အမျိုးသမီးအဖွဲ့အစည်းများအပါအဝင် အခြား ချင်းလူထုကို အခြေပြုသော အဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထု၏ ဆန္ဒသဘောထား၊ ရပ်တည်ချက်များကို အလေးပြုကာ ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီ ကိုယ်စားလျှယ်များဖက်မှ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီ၏ ချင်းပြည်သူများနှင့် ချင်းအမျိုးသားတပ်ဦး အပေါ်ထားရှိသော ပေါ်လစီများ၊ ချင်းလဲန်းအတွင်း ဖွံ့ဖြိုးတိုးတက်ရေဆိုင်ရာ လုပ်ဆောင်ချက်များကို အလေးပြု ဆွေးနွေးခဲ့ပါသည်။

ဤကဲ့သို့တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းများဖြင့် ချင်းအမျိုးသားတပ်ဦးနှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီ တို့အကြားတည်ရှိနေသော နိုင်ငံရေးပြသနာများ ကိုအဖြေရှာနိုင်ရန် အနာဂတ်တွင်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ကျင်းပသွားရန် နှစ်ဖက်ကိုယ်စားလျှယ်များက သဘောတူညီချက်ရယူခဲ့ကြပါသည်။ အနာဂတ်တွင်တွေ့ဆုံဆွေးနွေး မည့်နေရာနှင့် အချိန်ကာလကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးတိုးတက်ရေးကောင်စီ ဖက်က ရွေးချယ် ဆုံးဖြတ်ရန် သဘောတူညီခဲ့ကြပါသည်။ သတင်းစဉ်

ဒေါက်တာရွှေခါး ဦးဆောင်သော ချင်းအမျိုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလျှယ်များ

ဒေါက်တာရွှေခါး၊ ဗိုလ်မှူးဇော်မင်း၊ ဗိုလ်ကြီးစိုးမြင့် နှင့် ပူးချောန်ကီးယိုး

ဒုတိယဗိုလ်မှူးကြီးမင်းထင် နှင့် ချင်းအမျိုးသားတပ်ဦး ကိုယ်စားလျှယ်များ

ဒုတိယဗိုလ်မှူးကြီးမင်းထင် နှင့် ပေါလ်စီထာ

ချင်းအမျီုးသားတပ်ဦး ငြိမ်းချမ်းရေးကိုယ်စားလျှယ်များ

ချင်းအမျီုးသားတပ်ဦး ကိုယ်စားလျှယ်များ နှင့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များ

ချင်းအမျီုးသားတပ်ဦးနှင့် နိုင်ငံတော်အေးချမ်းသာယာရေး ကိုယ်စားလျှယ်များ

ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များနှင့် တပ်ဦးခေါင်းဆောင်များ

ညစာစားပွဲတွင် ဒေါက်တာရွှေခါးကျေးဇူးတင်စကားပြောကြားစဉ်

လိုက်ပါပို့ဆောင်နှုတ်ဆက်သူများနှင့် ရိတံတားပေါ်တွင်

မူပိုင် © ၁၉၈၈ - ၂၀၀၈ ချင်းအမျိုးသားတပ်ဦး။