|
ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခု မတ်လ ၂၀
ရက်နေ့တွင် ချင်းအမျိုးသားများ မိမိတို့ အမျိုးသားကံကြမ္မာ မိမိတို့ဖန်တီးခွင့် ပြည်လည်ရရှိနိုင်ရေး၊ ၁၉၄၈ ခု
ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသား ၅၀၀၀ ကျော်က
ဖလမ်းမြို့တွင် တညီတညွတ်လက်ခံ ရွေးချယ်ခဲ့သည့်
ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားလာရေး၊ ပင်လုံ ညီလာခံနှင့်
တောင်တန်းဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့တွင်
ချင်းအမျိုးသားများနှင့် ပြည်ထောင်စုတိုင်းရင်း
သားလူမျိုးအများစုက သဘောတူညီထားသည့်အတိုင်း တန်းတူညီမျှခြင်းကိုအခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ကာနိုင်ရေးနှင့် တိုင်းရင်းသား ပြသနာများကို
ဖြေရှင်းနိုင်ရန် ဖွဲ့စည်းထားသည့် လက်နက်ကိုင်
တော်လှန်ရေး အဖွဲ့အစည်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ချင်းအမျိုးသားများ၏ ကံကြမ္မာကို ချင်းအမျိုးသားများက ဖန်တီးခွင့်ပြည်လည် ရရှိနိုင်ရေးအား
အမှန်တကယ် လိုလားလက် ခံသော၊ ဖလမ်းညီလာခံ၌ ချင်းအမျိုးသား
၅၀၀၀ ကျော်ကတညီ တညွတ် ရွေးချယ်လက်ခံခဲ့သည့်
ဒီမိုကရေစီစနစ်ကို အမှန်တကယ် လိုလားသော၊ ပြည်ထောင်စု
သမိုင်းဝင် ပင်လုံစာချုပ်နှင့် ကတိ
ဂဝတ်များကို ထိမ်းသိမ်းလိုသော၊ တောင်တန်းဒေသစုံစမ်း စစ်ဆေးရေး ကော်မရှင်၌
ချင်းအမျိုးသားခေါင်းဆောင်များနှင့် ချင်းပြည်သူများ သာမက
ပြည်ထောင်စု တိုင်းရင်းသား အများစုက တန်းတူညီမျှမှု ကိုအခြေခံလျှက် ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်ရန်
သဘောတူ ညီချက်များကို အကောင်အထည် ဖေါ်ဆောင်လိုသော
ချင်းအမျိုးသား အားလုံး ချင်းအမျိုးသားတပ်ဦးတွင်
ပါဝင်လျှက် အမျိုးသား တော်လှန် ရေးတာဝန်ကို
အုပ်တစ်ချပ်သဲတပွင့်ပမာ ထမ်းဆောင်ကြပါရန် လေးစားစွာဖြင့်
ဖိတ်ခေါ် အပ်ပါသည်။
စည်းရုံးရေးဌာန ချင်းအမျိုးသားတပ်ဦး ချင်းလဲန်း
|